သံဖြူဇရပ်၌ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သံဖြူဇရပ် ဇူလိုင် ၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်၂၄ ရက်မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဘုရင့်နောင်) ခန်းမ၌ ကျင်းပ သည်။

အခမ်းအနားသို့   မွန်ပြည်နယ် အစိုးရအဖွဲ့၊  အဖွဲ့ဝင်   မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းဝေ၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုမောင်၊ မြို့နယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူ(၄၁)ဦး တက်ရောက်ခဲ့ပြီး  မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ် ဥပဒေအရာရှိ ဦးအောင်ပိုင်ဖြိုးက သင်တန်းဆင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်မွန်ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့်ဆုရသင်တန်းသားများအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)