လသာမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာစာကြည့်တိုက်၌ စာဖတ်ဝိုင်းပြုလုပ်

လသာ ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ရတနာစာကြည့်တိုက်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက  ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ဦးစွာ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က လူငယ်စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး စာရေး ဆရာနန္ဒာသိန်းစံ ရေးသားသည့် "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း' စာအုပ်မှ အခန်း(၁) တွင် ပါရှိသည့် မတင်းမလျော့လှေပေါင်ပေါ်သို့ရှုမြင်ခြင်းအကြောင်းအရာများကို Grade-11မှ ကျောင်းသား မောင်ဉာဏ်လင်းနိုင်၊ အခန်း (၂) တွင် ပါရှိသည့် ကိုယ့်ဝန်းကျင်ကိုပါစင်ကြယ်စေနိုင်သူ အကြောင်းအရာများကို Grade-11 ကျောင်းသူ မငွေသဇင်နှင့် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)