လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်  

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေပိုင်း)မြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်း၌ အခြေခံပညာအထက်တန်းကျောင်းများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၀န်ထမ်းများက ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၀န်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အာဟာရမျှတစွာ နေထိုင်စားသောက်နိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ မျက်စိစစ်ဆေးခြင်း၊သွားနှင့် ခံတွင်းရောဂါ စစ်ဆေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟန်နီ(ပြန်/ဆက်)