အလုံ ဇူလိုင် ၂၅
အလုံမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သာမန်ထိန်းချုပ် (သက်တမ်းတိုး) လျှောက် ထားလာသည့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် 365 ဆေးဆိုင်နှင့် မြင့်မြတ်ဆေးဆိုင်၊ လက်လီသက်တမ်းတိုး လျှောက်ထားသည့် မေတ္တာတော်အထူးကု ဆေးခန်းဆေးဆိုင်၊ City Care ဆေးဆိုင်၊ ရွှေသုခဆေးဆိုင်၊ လက်ကားသက်တမ်းတိုးလျှောက်ထားသည့် Genius Family Co.,Ltd နှင့် လက်ကား လိုင်စင်အသစ်လျှောက်ထားသည့်Shwe Life International Co.,Ltd တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်ပြန်/ဆက်)