လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်အဆင့်ကလေးသူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ၌ အမှတ် (၁)ရပ်ကွက် သာသနဟိတကာရီ ဓမ္မာရုံ ရွှေစေတီဘုရား၀င်းတွင် ကျင်းပပြုလုပ်သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကားပြောကြားပြီး လူမှု၀န်ထမ်းရုံးမှ  မြို့နယ်ဦးစီးမှူး  ဦးအောင်လွင်က  ကလေးသူငယ်ဆိုင်ရာ ဥပဒေအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ဟော‌ပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ရပ်ရွာအတွင်းရှိ ကလေးသူငယ်အကျိုး ဆောင်ရွက်လျက်ရှိသည့်အဖွဲ့၀င်များ၊ ကလေးသူငယ်များ စုစုပေါင်း (၈၀)ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဟန်နီ(ပြန်/ဆက်)