မိုင်းတုံမြို့၌ မိုးစပါး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုး‌မူသရုပ်ပြပွဲအား ကြည့်ရူ့အားပေး

မိုင်းတုံ ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ မိုးစပါးလက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုး‌မူသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဝမ်နားကျေးရွာအနီးရှိ နောင်ပါရင်အုပ်စု၊ ကွင်းအမှတ်-၃ ဦးပိုင်အမှတ်(၈) တောင်သူဦးဘောဂ၏လယ်မြေကွက်၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များ စစ်ဆေးရေးကော်မတီအတွင်းရေးမှူး ဦးစောမူးလာ၊ မိုင်းတုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးအောင်သီဟ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါတက်‌ရောက်လာသူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းက လယ်ယာလုပ်သားရှားပါးခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းတို့တွင် အချိန်အခါမိစိုက်ပျိုးနိုင်ရေးအတွက် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးသည့်စနစ်ကို တောင်သူများကျယ်ကျယ်ပြန့်ပြန့်တို့ချဲ့ဆောင်ရွက်ရန်ရည်ရွယ်၍ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၏အကျိုးသက်ရောက်မှုကို အကျယ်တစ်ဝန်းရှင်းလင်းပြောကြားခဲ့ပြီး လယ်သမားများ၏ လက်ဆွဲကောက်စိုက်စက်ဖြင့်စပါး စိုက်ပျိုး‌နေမှုကို တက်ရောက်‌လာသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင် (မြို့နယ်၊ပြန်/ဆက်)