မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးမှ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်း ပေးအပ် လှူဒါန်း

မန္တလေး ဇန်နဝါရီ ၂၅

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးမှ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်း ပေးအပ်လှူဒါန်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ပေးအပ်လှူဒါန်းပွဲတွင် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ကောင်စစ် ဝန်ချုပ်ရုံးမှပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများအား မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး (ကိုယ်စား) တာဝန်ရှိသူတစ်ဦးက ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဒေါက်တာချစ်ကိုကို၊ ဦးဇော်မောင်မောင်နှင့် ပြည်ကြီးတံခွန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးမှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများမှာ နှာခေါင်းစည်း (၁၀၀၀၀) ခု၊ PPE (၃၅၀) စုံ၊ Shoe Cover (၃၅၀)စုံ၊ Face Shield (၃၅၀) ခု Goggles (၁၀၀)ခု၊ Surgical gowns (၁၀၀) ခု Surgical gloves (၂၀၀)စုံ၊ Exam gloves (၄၀) လုံးနှင့် Bed Sheet (၄၀၀) ခုတို့ ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)