မိုင်းဖြတ်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မိုင်းဖြတ် ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် တာချီလိတ်ခရိုင်၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ထွေးဝင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းရီတစ်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းမှထွက်ရှိသည့် ကုန်ချောပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ပြီး သင်းတန်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများနှင့် ကုန်ချောအထည်များကိုကြည့်ရှုအား‌အားပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)