လွိုင်လင် ဇူလိုင် ၂၄
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့် ဝန်ထမ်းများက လွိုင်လင်မြို့နှင့်ပင်လုံမြို့ရှိ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အစားထိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဒေသဝက်(၁)ကောင်နှုန်းဖြင့် အိမ်ထောင်စု(၁၀)စုအတွက် ဒေသဝက်(၁၀)ကောင်အား ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး