ပင်းတယမြို့ Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ပင်းတယ ဇူလိုင် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)၊ Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က    စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က စာရေးဆရာဖေမြင့်ရေးသားသည့် "ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း" စာအုပ်ကို ဦးဆောင်ဆွေးနွေးဖတ်ကြားကာ Book Club ဝင်များက အဆိုပါစာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို လေ့လာဖတ်ရှုကြပြီးတစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါစာအုပ်သည် လူငယ်လူရွယ်များအနေနဲ့လေ့လာဖတ်ရှုသင့်သည် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)