ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကျောက်တလုံးကြီး ဇူလိုင် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ပုရိမဝါကပ်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုမြတ်သင်္ကန်းဆက်ကက်လှူဒါန်းပွဲကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၆ နာရီက  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်နှင့် ပညာရေးဝန်ထမ်းများက သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ်တို့ကို ဆပ်ကပ်လှူဒါန်းကြပြီး ဒုံအုံးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် တရားတော်များအားနာယူကြည်ညိုကြ၍ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို   ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ ကြွလာရောက်လာကြသော ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ရပ်နီး၊ ရပ်ဝေးမှ ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ဇော်နိုင်လင်း