ကလော ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးချစ်စမ်းမောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းအစီအမံများကိုရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြို့နယ်ဥပဒေအရာရှိ ဒေါ်စိမ်းနုအောင်၊ ဦးချစ်စမ်းမောင်နှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများဖြစ်သည့် ဒေါ်နန်းနီလာအောင်တို့က သိသင့်သိထိုက်သည့် ဥပဒေများ၊ နည်းဥပဒေများကို ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သင်တန်းသား (၄၅)ဦးတို့အား ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)