မိုင်းနောင်မြို့ ရပ်ကွက်/ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းများဆောင်ရွက်

မိုင်းနောင် ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ၊ ရပ်ကွက်/ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများ ရွေးချယ် နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းများအား ရပ်ကွက်/ကျေးရွာများ အသီးသီးတွင် ယနေ့မှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းက အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပြင်ဆင်ချက်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြား၍ ပြန်/ဆက်ဦးစီးမှူး ဒေါ်နန်းမီးက ဒေသဘာသာစကား (ရှမ်းဘာသာဖြင့်) ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကြီးကြပ်ရွေးချယ်ခြင်း လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြပြီး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် တက်ရောက်လာသော ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အဆိုပြု ရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့()ဦးအား စနစ်တကျ ရွေးချယ်ခဲ့ကြသည်။

ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် တာဝန်ကျဌာနဆိုင်ရာများသည်  ရပ်ကွက်ကျေးရွာများတွင် ဆောင်ရွက် နေသော ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းသည့်လုပ်ငန်းများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိုင်းနောင် ပြန်/ဆက်