ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ(၃၁)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်     ဇန်နဝါရီ     ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့်   မြန်မာနိုင်ငံသား   နေရပ်ပြန်ပြည်သူ(၃၁)ဦးအား   ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့ မွန်းလွဲ()နာရီ အချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၁)ဦးမှာ အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၁၁)ဦးတို့ဖြစ်ကြပြီး မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် မှ()ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်မှ()ဦး၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ()ဦး၊ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်မှ()ဦး၊ နမ့်ဆန်မြို့နယ်မှ(၁၁)ဦး နမ္မတူမြို့နယ်မှ(၁၀)ဦးနှင့် လားရှိုးမြို့နယ်မှ()ဦးတို့ဖြစ်သည်။

၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်()ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့် ရေ:စခန်းတွင်ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအား ထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိရကြောင်းသိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ကုသရေး   လုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာဒေသများသို့  ရောက်ရှိနိုင်ရေးအတွက်    စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)