ကြည့်မြင်တိုင် ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းသားဖွားခန်းတွင် ကလေးမွေးဖွားသည့် မကျည်းတန်းမြောက်အရှေ့ရပ်ကွက်တွင် နေထိုင်သည့် မိခင်ဒေါ်ခြူးနှင့် ကလေးအား တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌမှ ယမန်နေ့ နေ့လယ်ပိုင်းက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မိခင်နှင့်ကလေးအား ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်အဖွဲ့၊ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်မှူး ဒေါက်တာ ခင်ခင်ဝင်းနှင့်အဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ လာရောက်ကြည့်ရှု့အားပေးခဲ့ကြပြီး မိခင်နှင့်ကလေးအတွက် ထောက်ပံ့ငွေများနှင့် အနှီး၊ ကွေကာ၊ ၊မုန့်နှင့် ကြက်ဥတို့ကို ပေးအပ်ခြင်း၊ ကလေးမွေးခန်းအား စစ်ဆေးခြင်းနှင့် အသင်းပိုင်သားဖွားခန်းအတွက် လိုအပ်သည့် ပစ္စည်းများအား ထောက်ပံ့ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)