ဒဂုံမြောက် ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက် လှိုင်ထိပ်ခေါင်တင်လမ်း၊ အမှတ်(၁၈) အခြေခံပညာ မူလတန်းကျောင်းတွင် ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ သက်ငယ်မုဒိမ်းမှု ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သက်ငယ်မုဒိမ်းပ ပျောက်ရေးအတွက် ကာကွယ်နိုင်သည့် အခြေအနေများ၊ ပြစ်မှုပြစ်ဒဏ်များကို ဒဂုံမြို့သစ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ယဉ်မင်းသူ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်အေးစုယဉ်နှင့် ဒဂုံမြောက်မြို့မရဲစခန်း ဒုရဲအုပ် ထွန်းဇော်ဟိန်းတို့မှလည်းကောင်း၊ သွားကျန်းမာရေး အသိပညာပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာ၀န် ဒေါက်တာဖြိုးကိုကိုနှင့် ဆရာမများက လည်းကောင်း အသိပညာ ပေးဟောပြောခဲ့ပြီး သက်ငယ် မုဒိမ်းပပျောက်ရေးအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်၊ အမက(၁၈)ကျောင်းအုပ်ကြီး ဦးသက်ဇော်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်၀င်းတို့ တက်ရောက်ခဲ့ပြီးကျောင်းသား၊ ကျောင်းသူများ အင်အားစုစုပေါင်း (၇၀) ဦးတက်ရောက် ခဲ့ကြောင်းသိရသည်။
မြင့်မြင့်ရီ