မိုင်းခတ် ဇန်နဝါရီ ၂၅
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့မှ စတင်၍ မြို့ပေါ် ရပ်ကွက်(၂)ရပ်ကွက်နှင့်ကျေးရွာအုပ်စုရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်မာဂရက်(အငယ်တန်းစာရေး)၊ ဦးမာကု(လူမှု-၄)၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းတို့က ဘိုးဘွားတစ်ဦးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း(၄၄)ဦးရှိပြီး စုစုပေါင်း ငွေကျပ်(၁၃၂)သိန်းကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)