ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကျောင်းကျန်းမာရေးအသိပညာပေး မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်

ဒဂုံမြောက် ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက် လှိုင်ထိပ် ခေါင်တင်လမ်း၊ အမှတ်(၁၈) အခြေခံ ပညာမူလတန်းကျောင်းတွင် ကျောင်း ကျန်းမာရေးအသိပညာပေး မြှင့်တင်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များဖြင့် ကျောင်းကျန်းမာရေးအသိပညာ‌ပေးလုပ်ငန်းများဖြစ်‌သော‌ စနစ်တကျလက်ဆေးနည်းသရုပ်ပြသခြင်းနှင့် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအ‌ကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)