ရန်ကုန် ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေး ကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၄)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ကော်မတီ ဒုတိယဥက္ကဌ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးနန္ဒအောင်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဆက်စပ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယနေ့ အစည်းအဝေးမှ ဟိုတယ်အဆောက်အဦ တည်ဆောက်ခွင့် (၂) ခု၊ အိပ်ခန်း (၅၆၄) ခန်းပါ ဟိုတယ် လုပ်ငန်းလိုင်စင် (၆) ခုနှင့် ခရီးလှည့်လည်ရေးလိုင်စင် (ပြည်ဝင် ၅၆ ခု၊ ပြည်ပ ၃၀ ခု)တို့ကို အတည်ပြုပေး နိုင်ခဲ့ပြီး ဟိုတယ်လုပ်ငန်းမှ (၁၈၈) ဦး၊ ခရီးလှည့်လည်ရေးလုပ်ငန်းမှ (၃၄၄) ဦး၊ စုစုပေါင်း လူငယ်လူရွယ် (၅၃၂) ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)