ပူတာအိုမြို့၌ သက်ငယ်မုဒိန်းမှုနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

ပူတာအို  ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းမှုဖြင့် သက်ငယ်မုဒိန်းမှုနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းမြင့်က သက်ငယ်မုဒိန်းမှု မဖြစ်ပွားစေရေးအတွက် ပရိုဂျက်တာဖြင့် အသိပညာပေးဟောပြောကာ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇင်ဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။

ဆက်လက်၍ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းမှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာ အုပ်စာစောင်ပြပွဲများကို အခမ်းအနား တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)