ကျိုင်းတုံ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယနေ့က အ.ထ.က(ခွဲ) အ.လ.က(၃)တွင် ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းသန့်နှင့် အ.ထ.က(ခွဲ) အ.လ.က(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးစန္ဒာနိုင်တို့က ကျောင်းသား၊ကျောင်းသူများ အားလပ်ချိန်များတွင် ကျောင်းစာအပြင် ပြင်ပစာပေများလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်း၊ စဉ်းစားတွေးခေါ်မှုမှန်ကန်စေရေး အားလပ်ချိန်များတွင်စာပေလေ့လာဖတ်ရှုကြရန်၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် စာပေဖတ်ရှုမှုပိုမိုတိုးပွားလာစေရေး အသိပညာပေးဟောပြောကြသည်။
ထို့နောက် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ် ကျောင်းသား၊ကျောင်းသူများအား စာအုပ်စာစောင်များငှားရမ်းပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)