လင်းခေး ဇူလိုင်၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးအ သိပညာပေးလုပ်ငန်းများကို လင်းခေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုမြတ်လင်းက စာပေလေ့လာဖတ်ရှု ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ စာဖတ်သည့်အလေ့အထဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ရန်နည်းလမ်းများ၊ စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးအားဖြင့်အောင်မြင်မှုရရှိခဲ့သော ပုဂ္ဂိုလ်များ၏ အကြောင်းအရာများ၊ အချိန်ကို စနစ်တကျ စီမံခန့်ခွဲ၍ အသုံးပြုရန် လိုအပ်မှုများကို အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက်ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်အား စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြပြီး၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)