အင်းစိန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

အင်းစိန်  ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာ က စာဖတ်ရှိန်မြှင့်တင် ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို‌ ပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူများအား  Onlineမှ လိမ်လည်မှုများ မခံရစေရေးအတွက် Online မှ တစ်ဆင့် လိမ်လည်မှုအကြောင်းအရာများကို  Video Clip ဖြင့် ပြသ၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။         

ဆက်လက်၍ ကဗျာရွတ်၊ပုံပြင်ပြော၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများကျင်းပရာ  ပြိုင်ပွဲများတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်သော ကျောင်းသား၊ကျောင်းသူများအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်(၂)​အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဌေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက်  စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်းသိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)