ပျော်ဘွယ်မြို့နယ်၌ ကာရာအိုကေ(KTV)ဆိုင်များ သတ်မှတ်စည်းကမ်းနှင့် ညီညွတ်စေရေး မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် ဇူလိုင် ၂၁

ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကာရာအိုကေ (KTV) ဆိုင်များ သတ်မှတ်စည်းကမ်းနှင့် ညီညွတ်စေရေး ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၂၀ ရက်၊ ည ၈ နာရီခွဲက မြို့နယ်အတွင်းရှိဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ထွေးနှင့် သက်ဆိုင်ရာဌာနများပါဝင်သော တာဝန်ရှိသူမျာက ကာရာအိုကေ (KTV)ဆိုင်များ အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု မရှိစေရေး၊ သတ်မှတ်လိုင်စင်များ ရယူထားခြင်း ရှိ/မရှိ၊ ဆိုင်အတွင် Hi ခန်းများ ထားရှိခြင်း ရှိ/မရှိ၊ အမျိုးသမီးများအားမြူဆွယ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်သူများ ခိုအောင်းမှုမရှိစေရေးတို့ကို စစ်ဆေးကာ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး (ပျော်ဘွယ်)