အမရပူရ ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဈေးချိုရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ကုသရေးဦးစီးဌာနနှင့် Natural Mountain နို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းနေအရွယ်ကလေးများ နွားနို့တိုက်ကျွေးခြင်း အခမ်းအနားကို ဇူလိုင် ၂၀ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်၊ စေတနာရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့သည်။
အဆိုပါ ကျောင်းနေအရွယ် ကလေးများအား နွားနို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်များ အဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်းဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ အရိုးအဆစ်နှင့် သွားများခိုင်မာခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းကျန်းမာခြင်းများရရှိစေရန် အဟာရပြည့်ဝသည့် နွားနို့သောက်သုံးခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသူဇာမြင့်ကပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၂၆၅ ဦးတို့အား နွားနို့တိုက်ကျွေးခဲ့ကြောင်း သိရသည်။
လဲ့လဲ့ခိုင်