တိုက်ကြီးမြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

တိုက်ကြီး ဇူလိုင် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဝတ်ရည်ဦးက ခွေးမှတစ်ဆင့် လူကိုကူးစက်တတ်သော ခွေးရူးပြန်ရောဂါ ကူးစက်ပျံ့နှံ့ခြင်းအကြောင်းအရာများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးရန်လိုအပ်ပုံနှင့် ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)