ညောင်ဦးမြို့ ရွှေစည်းခုံဘုရားတောင်ဘက်(မေတ္တာ)စောင်းတန်း ပြုပြင်ထိန်းသိမ်းလုပ် ဆောင်နေမှု ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားကြီး တောင်ဘက်(မေတ္တာ)စောင်းတန်း ပြုပြင်ထိန်းသိမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားကြီး၊ တောင်ဘက်(မေတ္တာ)စောင်း တန်း ပြုပြင်ပြီးစီးမှု၊ ဈေးဆိုင်ခန်းများသန့်ရှင်းသပ်ရပ်ပြီး စည်းကမ်းတကျရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ စာအုပ်၊စာပေရောင်းချနေသည့် ဆိုင်များသန့်ရှင်းသပ်ရပ်ပြီး စည်းကမ်းတကျရောင်းချနိုင်ရေး၊ လျှပ်စစ်မီးလိုင်းကြိုးများနှင့် စောင်းတန်းတစ်လျှောက် လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ ရွှေစည်းခုံဘုရားကြီး၊ အရှေ့ဘက်စောင်းတန်းတစ်လျှောက် သန့်ရှင်းသပ်ရပ်စေရေးတို့အား ရွှေစည်းခုံဘုရားဂေါပကအဖွဲ့က အစဉ်တစ်စိုက်ဂရုပြုလုပ် ကိုင်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း