မရမ်းကုန်း ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် မသန်စွမ်းသက်ကြီးသင်တန်းကျောင်းတွင် ယမန်နေ့နံနက်၉နာရီက ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်းသာမန် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက အဖွင့်အမှာစကားကိုလည်းကောင်း၊ မရမ်းကုန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက အမှာစကားပြောကြားခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာများနှင့် ကျောင်းအုပ်ဆရာကြီးအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များကိုလည်းကောင်း၊ သင်တန်းထူးချွန်ဆုရရှိသူများအား ထူးချွန်ဆုများနှင့် သင်တန်းသူ၊သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ကြိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဝေယံ(မရမ်းကုန်း)