တွံတေး ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနငါးလုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် "ရေချိုပုစွန်သားဖောက်မွေးမြူရာတွင် ဇီဝလုံခြုံရေးအစီအမံများကို အကောင်အထည်ဖော်ခြင်းဖြင့် ရေချိုပုစွန်ထုတ်လုပ်မှုတိုးမြှင့်ခြင်း” စီမံကိန်းအစီအစဉ်ဖြင့် ရေချိုပုစွန်တုပ်ကြီး သက်လတ်ကောင်များ ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့နံနက်၁၀ နာရီက တွံတေးငါးလုပ်ငန်းစခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာနမွေးမြူရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦး၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်းနှင့် တာဝန်ရှိသူများက မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပုစွန်မွေးတောင်သူများအား ရေချိုပုစွန်တုပ်ကြီး သက်လတ်ကောင်ရေ ၅၄၀၀၀အား ပုစွန်မွေးတောင်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး