အမရပူရမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

အမရပူရ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဇူလိုင် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့ခိုင်က ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်ပုဂ္ဂိုလ်ကိုးဦး၏ အတ္ထုပ္ပတ္တိနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တာဝန်ခံဆရာမကြီးနှင့် ပိန်းတန်းအခြေခံမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်၍ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လဲ့လဲ့ခိုင်