တပ်ကုန်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာ သင်တန်းဆင်းပွဲကျင်းပ

တပ်ကုန်း ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် နေပြည်တော်တိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြတ်သီဟက  သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်တို့က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရန်ကုန်တွင်ဖွင့်လှစ်ခဲ့သော မြို့နယ်မီးသတ်ဦးစီးမှူးသင်တန်းအမှတ်စဉ်(၁၉/၂၀၂၆)တွင် ပထမဆုရရှိခဲ့သည့် ဒုတိယမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင်း၍လည်းကောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်းတွင် ပထမဆုရရှိသော သင်တန်းသားနှင့်သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆု၊ သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ သင်တန်းသားတစ်ဦးချင်းစီကို တွေ့ဆုံမိတ်ဆက်ကာ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရဓါတ်ပုံရိုက်ခဲ့သည်။ ထိုသင်တန်းဆင်းပွဲသို့ ညွှန်ကြားရေးမှူးနှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်မီးသတ်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ သန္ဓေမီးသတ်/အရန်မီးသတ်ခေါင်းပေါင်းများနှင့် သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး၊  တက်ရောက်သူစုစုပေါင်း ၁၄၅ ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်