မိုင်းကိုင်မြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲအခမ်းအနားကျင်းပ

မိုင်းကိုင် ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဥပဒေရေးရာဝန်ကြီးဌာန၊ မြို့နယ်ဥပဒေရုံးမှဖွင့်လှစ်‌သော ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦး၊ လွိုင်လင်ခရိုင် ဥပဒေအရာရှိ ဒေါ်စန္ဒာသော်က သင်တန်းသား၊ကျောင်းသူများအား သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားကာ  တာဝန်ရှိသူများက သင်တန်းကာလတစ်လျှောက် ဥပဒေဆိုင်ရာဘာသာရပ်များကို စိတ်ဝင်စားစွာမှတ်သားလေ့လာခဲ့ကြသော သင်တန်းသား/သင်တန်းသူများအား‌ သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီး ချီးမြှင့်ပေးခဲ့သည်။ အဆိုပါသင်တန်းသို့ မိုင်းကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၉ အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။  

ချော(မိုင်းကိုင်)