တနိုင်းမြို့နယ်တွင် ဆီမုန်ညှင်းမျိုးစေ့နှင့်ကွန်ပေါင်း ဓာတ်မြေသြဇာများအား တောင်သူလယ် သမားများသို့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

တနိုင်း      ဇူလိုင်   ၁၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီက ပုန်ခုန်းကောင်းရပ်ကွက် ဟူးကောင်းခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် ပြည်ထောင်စုရန်ပုံငွေနှစ်လွန် ခွင့်ပြုငွေဖြင့်ဝယ်ယူခဲ့သော ဆီမုန်ညှင်းမျိုးစေ့နှင့် ကွန်ပေါင်း ဓာတ်မြေသြဇာများအားတောင်သူလယ် သမားများသို့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ(ခရိုင်အုပ်ချုပ်ရေးမှူး) ဦးကောင်းစံလင်းမှအဖွင့်အမှာစကားပြောကြားပြီး တနိုင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ(မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးအောင်စိုးက ဆီမုန်ညှင်းမျိုးစေ့နှင့် ကွန်ပေါင်းဓာတ် မြေသြဇာများ အားတောင်သူလယ်သမားများသို့ ခွဲဝေချထားပေးမှုအခြေအနေ စိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်ဆီမုန်ညှင်းမျိုး စေ့နှင့်ဓာတ်မြေသြ ဇာများအား တောင်သူများသို့အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကောင်ဆိုင်းလ၊ ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး)ဦးကောင်းစံလင်းနှင့် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ(မြို့နယ် အုပ်ချုပ်ရေးမှူး) ဦးအောင်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၊ တောင်သူများစုစုပေါင်းအင်အား (၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

တနိုင်း(ပြန်/ဆက်)