ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခွင် သစ်ပင်ကြီးများအား အောက်ခြေရှင်းလင်း

ညောင်ဦး ဇူလိုင် ၁၇

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခွင် ကန္တာရပင်များရှင်းလင်းရေးနှင့် ရှေးဟောင်းသာသနာအဆောက်အအုံများတွင် ကွယ်နေသည့် သစ်ပင်များကိုင်းများ ဖြတ်တောက်ရှင်းလင်းခြင်း၊ ပေါင်းမြက်၊ ခြုံနွယ်များ ရှင်းလင်းလုပ်ဆောင်နေသည့်နေရာများ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၁၇ ရက်၊ နံနက် ၈ နာရီက ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလေ့လာရေး လာရောက်ခဲ့ပါက ရှေးဟောင်းစေတီ၊ ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ မြင်းကွင်းကျယ်ကြည့်ရှုနိုင်ရန် ကန္တာရပင်ရှင်းလင်းခြင်းနှင့် ပေါင်းမြက်၊ ခြုံနွယ်များ၊ သစ်ပင်ကြီးများ ကိုင်းတက်ခုတ်အလင်းဖွင့်ခြင်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘုရားဖူးခရီးသွားများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေး မြင်းပြဂူဘုရား၊ နွားပြဂူဘုရား၊ မီးငြိမ်းကုန်းဘုရား၊ မီးမလောင်ကျောင်းပတ်ဝန်းကျင်၊ မင်္ဂလာစေတီ၊ မဟာဂူကြီးဘုရားပတ်ဝန်းကျင်တို့အား ရှေးဟောင်းသုနေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ သန့်ရှင်းရေးဝန်ထမ်းများ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့၊ ဝန်ထမ်းများနှင့် မြို့နယ်စက်မှုလယ်ယာဝန်ထမ်းများ ကန္တာရပင်ရှင်းလင်းနေမှု၊ ရေသောက်မြစ်ငုတ်များတူးဖော်ရှင်းလင်းနေမှု၊ ပေါင်းမြက်ခြုံနွယ်များ ရှင်းလင်းနေမှုနှင့် ညောင်ဦး-ပုဂံမြို့သစ်သွား ကားလမ်းမကြီးဘေး သစ္စာဝတီဘုရားပတ်ဝန်းကျင်ရှိ ကန္တာရပင်များရှင်းလင်းနိုင်ရေးတို့အား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲညွှန်ကြားရေးမှူး ဦးညီမွန်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခတို့မှ ကန္တာရပင်များရှင်းလင်းမှုနှင့်ရှေးဟောင်းအဆောက်အအုံများကွယ်နေသည့် သစ်ပင်များ ကိုင်းခုတ်ရှင်းလင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဒီပါလင်း