လယ်ဝေး ဇူလိုင် ၁၇
(၇၉)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ၊ ကဗျာရွတ်၊ ပုံပြော၊ ကျပန်း၊ ပန်းချီပြိုင်ပွဲများအား ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောပြီး ကျောင်းသား/ကျောင်းသူ ၆၅ ဦးက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်၊ စာစီစာကုံး၊ ပုံပြောနှင့်ကျပန်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပန်းချီပြိုင်ပွဲဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူ ၃၆ ဦး ပါဝင်ယှဉ်ပြိုင်သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့အား ဆုတံဆိပ်နှင့်လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲခင်းကျင်းပြသရာ ကျောင်းသား၊ကျောင်းသူလေးများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)