ကျောက်ပန်းတောင်း ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စကားပြောစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲများကို ဇူလိုင် ၁၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က အာဇာနည်နေ့သမိုင်းကြောင်းဆိုင်ရာများနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း Grade- 10 မှ ကျောင်းသား/ ကျောင်းသူ ၅ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ဆုရရှိကြသူများကို မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံတူပန်းချီကားချပ်ကြီးများနှင့် ၎င်းတို့၏ ကိုယ်ရေးသမိုင်းအကျဉ်းများ၊ နံရံကပ်စာစောင်များနှင့် သုတ/ ရသ စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြရာ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယမြို့နယ်ဦးစီးမှူးတို့က ရှင်းလင်းပြသကြသည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲများသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade- 10 ကျောင်းသား/ ကျောင်းသူများနှင့် ကြီးကြပ်သူဆရာ/ဆရာမများ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)