တွံတေးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တွံတေး ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဋ္ဌေးအောင်က အသိပညာဗဟုသုတကြွယ်ဝသည့် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်၊ နားထောင်မှုစွမ်းရည်မြင့်မားစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ရာ ကျောင်းသား/သူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မူလွန်အိုးဘိုအရှေ့ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 

မျိုးလှိုင်