ဒလမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များမှ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံဆွေးနွေး

ဒလ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် ဒေသဖွံ့ဖြိုးရေးအတွက်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းက မိတ်ဆက်စကား‌ ပြောကြားပြီး လှိုင်သာယာအ‌ရှေ့ပိုင်းမြို့နယ် မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ကျော်မှ မိတ်ဆက်စကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ပြည်သူများ၏ လိုလားချက်များကိုအဓိကလုပ်ဆောင် ပေးသွားရမှာဖြစ်ကြောင်းနှင့် လွှတ်တော်အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ရပ်မိ၊ ရပ်ဖများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ တင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှအသီးသီး ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ စုစု‌ပေါင်း(၃၅၀)ဦးတက်ရောက်ခဲ့ ကြသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)