အင်းစိန် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက အင်းစိန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာအောင်မြင့်သောင်း(ဘူမိဗေဒ)တို့ ပူးပေါင်းကျင်းပသော အင်းစိန်ကြာသပတေးစာပေစကားဝိုင်း ပြုလုပ်သည်။
စာပေစကားဝိုင်း ဆွေးနွေးပွဲတွင် အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက အဖွင့်အမှာစကားပြောကြားပြီး အင်းစိန်ကြာသပတေးစာပေစကားဝိုင်းမှ စာရေးဆရာ ရန်မိုးအောင်(အင်းစိန်)၊ ဆရာမောင်ပန်းဝေ (ညောင်တုန်း)၊ ဝဿန်(အင်းစိန်)၊ ဆရာခြိမ့်သဲ၊ ဆရာမ မမမီ (ရန်ကုန်တက္ကသိုလ်)၊ ဆရာအောင်ချစ်မိုးမင်္ဂလာဒုံ၊ ဆရာဒေါက်ရိုက်တာ ဘုန်းဝေတို့က မုဒိတာ စကားပြောကြားခဲ့ကြသည်။
ဆက်လက်၍ စာပေစကားဝိုင်းတက်ရောက်လာသည့် ဆရာ၊ဆရာများက စာပေအတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးကြသည်။
ထို့နောက် အင်းစိန် (ကြာသပတေးစာဖတ်ဝိုင်း) ၏ အမှတ်စဥ်(၁)တစ်မျက်နှာ ဝတ္ထုတိုပြိုင်ပွဲဆုရ ဆရာ ချစ်ရှား(အင်းစိန်)အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး ဆရာအောင်မြင့်သောင်း (ဘူမိဗေဒ)က ကျေးဇူးတင်စကားပြောကြားပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)