ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် မဟာဗောဓိဘုရားကြီးအား လာ ရောက်ဖူးမြော် လေ့လာလိုသူများအတွက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကြိုတင် ပြင်ဆင်ထားရှိ

ညောင်ဦး  ဇန်နဝါရီ  ၂၅

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် ပုဂံမြို့ဟောင်းရှိ မဟာဗောဓိဘုရားကြီးအား လာရောက်ဖူးမြော် လေ့လာသူများ လာရောက်ချိန်တွင် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်စီစဉ်ဆောင်ရွက် ထားရှိမှုများကို မဟာဗောဓိဘုရားကြီး ဂေါပကအတွင်းရေးမှူး ဦးမြစိုးထံမှ သိရသည်။

ပုဂံမြို့ဟောင်းရှိ မဟာဗောဓိဘုရားကြီးကို ခရစ်နှစ် ၁၂၁၅ခုနှစ်တွင် နားတောင်းမင်းကြီး တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်၏ ပုံစံကိုယူကာ တည်ဆောက်ခဲ့သည်ဟု ယူဆရပြီး၊ အောက်ခြေပုံသဏ္ဍန်မှာ မနိမ့်မမြင့်ခံပြီး အထက်ပိုင်းတွင် ပိရမစ်ပုံ အထက်သို့ရှူးတက်နေသည့် အနေအထား တည်ဆောက်ထားပါသည်။ မုခ်ဝလှိုင်ဂူအတွင်းရှိ ဆင်းတုတော်ကြီးမှာ ပြုပြင်ပြီး နောက်ပိုင်း လက်ရာဖြစ်ကြောင်း သိရသည်။ အပေါ်ထပ်သို့တက်ရန် လှေကားတစ်ခုရှိပြီး အပေါ်ထပ်မုခ်ခုံး အရှေ့ဘက်နံရံတွင် အင်းဝခေတ်ကရေးထိုးထားသည့် နံရံမင်စာများကိုလည်း တွေ့ရသည်။ မဟာဗောဓိဘုရားကြီးသည် နှစ်ထပ်အဆောက်အအုံပုံစံဖြစ်ပြီး အမြင့် ၂၄၀ပေ ရှိပါတယ်သည် မဟာဗောဓိဘုရားကြီး၏ အရပ်လေးမျက်နှာထောင့်တိုင်းတွင် စေတီပုံစံငယ်များ တည်ထား ပါရှိပြီး စေတီတော်ခြေရင်းနှင့်အထက်အမြင့်ပိုင်းနှစ်ခုလုံးတွင် နံရံမုခ်ကပ်ငယ်များစွာပါရှိကာ ကွဲပြားခြားနားသော ကိုယ်ဟန်အနေအထားအမျိုးမျိုးဖြင့် ဗုဒ္ဓဆင်းတုတော် (၆၄၅) ဆူအား ပူဇော်ထားရှိကြောင်း မဟာဗောဓိဘုရားကြီးဂေါပက အတွင်းရေးမှူး ဦးမြစိုးကရှင်းပြပါသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် ပုဂံမြို့ဟောင်းရှိ မဟာဗောဓိ ဘုရားကြီးသို့ လာရောက်လေ့လာဖူးမြော်လိုသူများ ဘုရားကြီးအတွင်း လူနှစ်ဆယ် ဦးဆီ ဝင်ရောက်ဖူးမြော်စေမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက် ထားရှိကြောင်း လည်းသိရပါသည်။

ကိုထိန်၊KPD