သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲ ကျင်းပ

သင်္ဃန်းကျွန်း ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်က အနီးကပ်ကြီးကြပ်ကာ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ဇူလိုင် ၁၅ ရက်နံနက်ပိုင်းက ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲ (ပထမနေ့) ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ဒိုင်အဖွဲ့ဝင်များက Female Individual Kata.Male Individual Kata.Female Team Kata. Male Team Kata and Kumite ပြိုင်ပွဲများ စတင်ယှဥ်ပြိုင် ကစားခဲ့ကြရာ ကရာတေးဒိုင်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်ခဲ့ကြသည့် အားကစားသမားများအား နည်းစနစ်တကျ မှန်ကန်စွာ အကဲဖြတ်မှတ်တမ်းတင်လျက်ရှိသည်။

အဆိုပါ ကရာတေးပြိုင်ပွဲများအား ဇူလိုင်လ (၁၄) ရက်နေ့မှ (၁၇) ရက်နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)