သင်္ဃန်းကျွန်း ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား သင်္ဃန်းကျွန်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားကြောကြားရာတွင် အခမ်းအနား အောင်မြင်စွာကျင်းပရာ၌ သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ မိမိတို့အား ပေးအပ်ထားသည့် တာဝန်များနှင့် စပ်လျဉ်း၍ မှာကြားသည်။
ယင်းနောက် တက်ရောက်လာသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သိရှိလိုသည်များအား တင်ပြဆွေးနွေးကြရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ပြန်/ဆက်တို့က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)