ကြည့်မြင်တိုင် ဇန်နဝါရီ ၂၅
ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းတွင် ရပ်ကွက်အုပ်အုပ်ချုပ်ရေးမှူးရွေးချယ် ရန်အတွက် ပထမအဆင့် ရပ်မိရပ်ဖ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်း မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်များအတွင်းရှိ ရပ်ကွက် ရုံးများ၊ ဓမ္မာရုံများ၊ ကျောင်းခန်းမများ စတဲ့နေရာများတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ပထမအဆင့် ရပ်မိရပ်ဖ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရာတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြပြီး အများဆန္ဒနှင့်အညီ ပထမအဆင့် ရပ်မိရပ်ဖ ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦးကို ရွေးချယ်ဆောင်ရွက် ခြင်းဖြစ်သည်။ အဆိုပါ ရွေးချယ်ခံ ရပ်မိရပ်ဖ ကြီးကြပ်ရေးအဖွဲ့မှ ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးသည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ရပ်ကွက်များအတွင်းတွင် ရပ်ကွက်အုပ်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ပထမအဆင့် ရပ်မိရပ်ဖကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်း ကို ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂) ရပ်ကွက်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုရပ်ကွက်များသို့ မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများမှ အဖွဲ့များ ခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)