ရမည်းသင်းမြို့နယ်တွင် ခရိုင်အဆင့် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးရေးပွဲတော်ကျင်းပ

ရမည်းသင်း  ဇူလိုင်  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ် မိုးရာသီခရိုင်အဆင့် စုပေါင်းသစ် ပင်စိုက်ပျိုးရေးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၂၇၅/၀) မြို့ဝင် ဂိတ်အနီးတွင် ကျင်းပသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့်သာယလှပမှုရရှိစေရေး၊ အရိပ်အာဝါသကောင်းမွန်စေရန်အတွက် ရှင်းလင်းပြောကြားခဲ့ပြီး မိုးရာသီ သစ်ပင်စိုက်ပျိုးရေးပွဲ တော်အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်းကော်မတီဥက္ကဋ္ဌ ဦးမောင် ရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ကျောင်းသား​၊ ကျောင်းသူများ၊ NGOအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အားလူဦးရေ ၆၀၀ ဦးဖြင့် ကျွန်း၊ ပိတောက်၊ မယ်ဇလီ၊ ဆီသပြေ၊ မယ်ဇယ်၊ ရေတမာ၊ တမာ၊ မြန်မာ ကုက္ကို၊ စိန်ပန်း၊ စုစုပေါင်း ၆၀၀ ပင်တို့ကို စုပေါင်းပျော်ရွှင်စွာ စိုက်ပျိုးပေးခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဟိန်းပြည့်ဇော် (ခရိုင်ပြန်/ဆက်)