အမရပူရ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းပို့ချမှုကို ယနေ့နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။
ယင်းသင်တန်းတွင် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းနည်းပြများက ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ လုပ်ငန်းတာဝန်များ၊ ရာသီဥတုနှင့် ကောက်ပဲသီးနှံနှစ်ချုပ်အစီရင်ခံစာဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အကောင်အထည်ဖော်ရေး အကောင်အထည်ဖော်ရေး ဆောင်ရွက်မှုအခြေအနေများ ဘိလိယက်ခုံလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပို့ချခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၅၁)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ ရက်သတ္တပတ် လေးပတ်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လဲ့လဲ့ခိုင်