မုဒုံ ဇန်နဝါရီ ၂၅
မွန်ပြည်နယ် မုဒုံမြို့နယ်ကျိုက်ကာကျေးရွာတွင် ယမန်နေ့ညနေကအမှိုက်များ မီးပုံရှို့ရာမှ အနီးရှိ ရော်ဘာ စိုက်ခင်းသို့ မီးကူးစက်လောင်ကျွမ်း၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောစိုးစိုးမြင့် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၂) ဦး၊ အရန်မီးသတ် (၂၀)ဦး၊ မြို့နယ် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များနှင့် ကျေးရွာနေ ပြည်သူတို့က မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၃) စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ရာမှ ညနေ (၄)နာရီ(၁၀)မိနစ်အချိန်ခန့်တွင် မီးလုံးဝငြိမ်း သွားခဲ့သည်။
ဖြစ်စဉ်မှာ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာအုပ်စု၊ နိုင်လှုံကျေးရွာနေ ဦးမြင့်ဝေသည် ၎င်း၏ ရော်ဘာခြံတွင် အမှိုက်များ မီးပုံရှို့ရာမှ အနီးရှိ ရော်ဘာစိုက်ခင်းဧက (၂၀) ကျော် ရော်ဘာပင်ပေါင်း (၄၀၀၀) ကျော်ခန့် မီးလောင်ခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သတ်၍ ခြံပိုင်ရှင်အား မုဒုံမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)