သန်လျင် ဇန်နဝါရီ ၂၅
ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သုံးခွ မြို့နယ်နှင့် ခရမ်းမြို့နယ်အတွင်း ဆောင်းသီးနှံ ပဲတီစိမ်း GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုများ အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်မှုများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဆန်းထွန်းဝင်းသည် တိုးမျိုးစေ့ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းတင့်၊ ခရိုင်သီးနှံ ကာကွယ်ရေး (တာဝန်ခံ) ဒေါ်ခင်ခင်ပြုံး၊ ခရိုင်မြေအသုံးချ (တာဝန်ခံ) ဒေါ်ဆွေဆွေမြင့် တို့နှင့် အတူ ခရမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင်နှင့် မြို့နယ်စိုက်ပျိုး ရေး ဝန်ထမ်း များအား ခရမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ ၂၀၂၀- ၂၀၂၁ ခုနှစ်အတွင်း ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးရာသီတွင် ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာ (၂၂) ရွာမှ ပဲစိုက်တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ (GAP) စိုက်ပျိုးနည်းများဖြင့် စနစ်တကျ လိုက်နာကျင့်သုံး စိုက်ပျိုးနိုင်စေရေးနှင့် စိုက်ပျိုးရေး ဆိုင်ရာများအား တွေ့ဆုံလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းထွန်းဝင်းနှင့် တာဝန်ရှိသူများသည် ခရမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများနှင့်အတူ ခရမ်းမြို့နယ် ကျုံးကျုံးကျကျေးရှိ (GAP) စနစ်ဖြင့် ပဲတီစိမ်း ဧက (၂၀၀) စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေးပြီး သုံးခွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မြင့်အောင်နှင့် အတူ သုံးခွမြို့နယ် ပတုပ်ရှေ့တန်းစခန်း အဆောက် အဦးသို့ ဝင်ရောက်စစ်ဆေးခဲ့ကာ သိုက်တူးကန်စံပြ ကျေးရွာရှိ ပဲတီစိမ်း မျိုးစေ့ထုတ်စိုက်ခင်း (၁၆) ဧကအား ကြည့်ရှုစစ်ဆေး၍ စိုက်ပျိုးရေးတာဝန်ရှိသူများနှင့် ပဲစိုက်တောင်သူ များအား စိုက်ပျိုး ရေးဆိုင်ရာများကို လမ်းညွှန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)