ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကလော     ဇန်နဝါရီ    ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ၊ မိုင်တိုင်အမှတ် (၅၃/၄) တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ အခြားတိုင်းဒေသကြီး/ပြည်နယ်မှ ရှမ်း(တောင်)သို့ ဝင်ရောက်လာသည့် "အတက်ကား" ကုန်တင်ယာဉ်မောင်း/ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ယာဉ်မောင်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဥယျာဉ်တန်း ရပ်ကွက်နေသူ မန္တလေး - တောင်ကြီးသွား (၆)ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း အသက်(၃၄)နှစ် အရွယ်အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာအား ကလောမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့် ကုသဆောင်တွင် ထားရှိမည် ဖြစ်ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)