ရွှေပြည်သာမြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြော

ရွှေပြည်သာ ဇူလိုင် ၁၆

ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင်(၁၅)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အ.ထ.က(ခွဲ) အ-လ-က(၈)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင်မြို့နယ် စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးဘုန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဇော်အောင်၊ မြို့နယ်တိမွေး/ကုတာဝန်ခံ ဒေါက်တာခင်ခင်ကြီးတို့က အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ခွေးရူးမှတစ်ဆင့် လူသို့ခွေးရူးပြန်ရောဂါကူးစက်ပျံ့နှံ့ခြင်းအကြောင်းအရာများ၊ ခွေးကိုက်ခံရပါက ခွေးရူးပြန် ရောဂါကာကွယ်ဆေး ထိုးရန်လိုအပ်ကြောင်းနှင့် ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာများကို ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)