ပျဉ်းမနား ဇူလိုင် ၁၆
ပျဉ်းမနားမြို့နယ် မိခင်နှင့်ကလေးအသင်းပိုင်သားဖွားခန်းအတွက် Oxygen Concentrator စက်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့နယ် မိခင်နှင်ကလေးအသင်းပိုင်သားဖွားခန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက ပျဉ်းမနားမြို့နယ်မိခင်နှင့်ကလေးအသင်းပိုင် သားဖွားခန်းအတွက် Oxygen Concentrator စက်တစ်လုံးကို ထောက်ပံ့ပေးအပ်ရာ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။ ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင် ၂၁ ဦးတို့ကို ကြည့်ရှုအားပေးပြီး အာဟာရဖြည့်အစားအစာများဖြစ်သည့် ငှက်ပျောသီး၊ ကြက်ဥ၊ အိုင်အိုဒင်းဆားနှင့် ကုလားပဲများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)